မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ရေနက်ကွင်းအား စွန့်ပစ်မြေများဖြင့် မြေဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်

မဟာအောင်မြေ မေ ၁၈

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ရေနက်ကွင်းအား စွန့်ပစ်မြေများဖြင့် မြေဖို့ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းက စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အမှတ် (၂၄) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်းရှိ ရေနက်ကွင်းအား ကျောင်းအုပ်ရာကြီး ဦးမျိုးဆန်းလင်းမှ အနီးကပ်ကြီးကြပ်၍ ကျောင်းအကျိုးတော်များ၊ (မဟာ) လူမှုကူညီရေးအသင်းအဖွဲ့မှ စက်ယန္တရား များဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ရေဝပ်မြေနေရာများသို့ မြေဖို့ခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

အောင်ဇော်မင်း