မန္တလေးတိုင်းဒေသကြီး

ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၅ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ကျင်းပ

ပျော်ဘွယ်မြို့နယ် သာသနာရေးဦးစီးမှူးရုံးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်၊ မွန်းတည့်(၁၂)နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင်  ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင်  ၂၀၂၅ ခုနှစ်၊ ဇွန်လ (၅)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယမန်နေ့ မွန်းလွှဲပိုင်းက ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈) နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲကို ဇွန်လ ၃ ရက်နေ့ ညနေပိုင်း က အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်း၌ ကျင်းပရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ၊ အတွင်းရေးမှူး ဦးနောင်နောင်နှင့်တာဝန်ရှိသူများ၊ အုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင်ဘောလုံးအားကစားသမားများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်၌ မဟာအောင်မြေမြို့နယ်နှင့်အမရပူရမြို့နယ် အမျိုးသားဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြကာ အမရပူရမြို့နယ်အသင်းက မဟာအောင်မြေမြို့နယ်အသင်းကို ၃ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ကျုံပျော်တွင် တိုင်းရင်းဆေးဝါးဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းများ ဆောင်ရွက်။

ပြည်သူများ အနာရောဂါကင်းရှင်း၍ ကျန်းမာရေးပိုမိုကောင်းမွန်စေရန်၊ အကြောင်းအမျိုးမျိုးကြောင့် ဆေးရုံဆေးခန်းသွားရောက်ပြသရန် ခက်ခဲသူများအတွက် အထောက်အကူဖြစ်စေရန်အတွက် တိုင်းရင်းဆေးဝါးများဖြင့် အခမဲ့ ကွင်းဆင်း ကုသခြင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ မြဝတီရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေနေအား ကြည့်ရှုစစ်ဆေး

မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အထက်ကမ်းနာလမ်း၊ ၂၆ ×၂၇ လမ်းကြားရှိ ကရဝိတ်ရေပေါ်ဟိုတယ်အနီး မြစ်ကမ်းနားအနီး ရေဝင်ရောက်မှုရှိနိုင်သည့်နေများအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေနေအား ယနေ့နံနက် ၉ နာရီအချိန်ခန့်က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များ ကြည့်ရှုစစ်ဆေးခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်  မိတ္ထီလာ(တောင်ကန်) ကန်ပေါင်လမ်းဖွင့်ပွဲအခမ်းအနား တက်ရောက်

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်သော မိတ္ထီလာမြို့ မိတ္ထီလာ(တောင်ကန်) ကန်ပေါင်လမ်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် တိုင်းဒေသကြီးအတွင်း ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

မန္တလေးငလျင်ကြီးကြောင့် အဖြေလွှာများ ပျက်စီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် ပြန်လည်ကျင်းပစစ်ဆေးသည့် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ဇွန် ၁၆ ရက်မှ စတင်ကျင်းပသွားမည်ဖြစ်ရာ မန္တလေးတိုင်းဒေသကြီးအတွင်း ပြန်လည် ကျင်းပစစ်ဆေးသည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇွန်လ(၂)ရက်နေ့ ညနေပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး  အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေး မဟာမုနိဘုရားကြီး၏ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအား ဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နှင့် အဖွဲ့ လာရောက်ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ ကျွန်းလုံးဥသျှောင် ရပ်ကွက်ရှိ မဟာမုနိဘုရားကြီးသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်နှင့်အဖွဲ့မှ ယမန်နေ့ နံနက် ၁၀ နာရီက ရောက်ရှိ၍ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း အောင်မြေခန်းမ၌ ကျင်းပသည်။

ငလျင်ဒဏ်သင့်ခံကြရသော ဘုန်းတော်ကြီးကျောင်း (၅၀) ကျောင်း နှင့်သီလရှင်ကျောင်း (၅၀) ကျောင်းအား ဗီယက်နမ်နိုင်ငံသား ဘုန်းတော်ကြီးနှင့်အလှူရှင်များက အလှူငွေများ လှူဒါန်း

မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ငလျင်ဒဏ်သင့်ခံကြရသော ဘုန်းတော်ကြီးကျောင်း (၅၀) ကျောင်းအား ဗီယက်နမ်နိုင်ငံသားဘုန်းတော်ကြီးနှင့်အလှူရှင်များက အလှူငွေကျပ် (၁၀) သိန်းစီ ပေးအပ်လှူဒါန်းပွဲကို ဇွန်လ ၂ ရက်နေ့ နံနက်ကိုးနာရီက မန္တလေတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့ရှိ ခင်မကန်တိုက်၊ မဟာဝိဇယာရာမဓမ္မဗိမ္မာန်တော်၌ ကျင်းပပြုလုပ်သည်။
Subscribe to မန္တလေးတိုင်းဒေသကြီး