မြစ်သားမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးကင်းစမှ (၁)နှစ်ခွဲအောက်ကလေးငယ်များ အားကာကွယ်ဆေး တိုက်ကျွေးထိုးနှံပေးခြင်းများဆောင်ရွက်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမများမှမြို့ပေါ် (၆) ရပ်ကွက်ရှိကိုယ်ဝန်ဆောင် မိခင်များနှင့်မွေးကင်းစမှ (၁) နှစ်ခွဲအောက်ကလေးငယ် များလစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ယနေ့နံနက်ပိုင်းအချိန်က အဆိုပါမိခင်နှင့်ကလေးကျန်းမာရေး ဌာနရုံးခန်းတွင် တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။