ပျော်ဘွယ် ဇွန် ၄
ပျော်ဘွယ်မြို့နယ် သာသနာရေးဦးစီးမှူးရုံးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်၊ မွန်းတည့်(၁၂)နာရီက မြို့နယ်ရာပြည့်သာသနာ့ဗိမ္မာန်တော်ကြီးတွင် ကျင်းပသည်။
အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၄) ရက်နေ့မှ (၁၀) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုမှုအနေဖြင့် အခြေပြုမူလတန်းတွင် ဖြေဆိုရန်စာရင်းရှိ ရဟန်းနှင့်သာမဏေ (၆၄) ပါး၊ ဖြေဆိုရန်ပျက်ကွက် (၁၁) ပါး၊ ပထမငယ်တန်းတွင် ဖြေဆိုရန်စာရင်းရှိ ရဟန်းနှင့်သာမဏေ (၃၆) ပါး၊ ဖြေဆိုရန်ပျက်ကွက် (၁၀) ပါး၊ ပထမလတ်တန်းတွင် ဖြေဆိုရန်စာရင်းရှိ ရဟန်းနှင့်သာမဏေ (၁၃) ပါး၊ ဖြေဆိုရန်ပျက်ကွက် (၃) ပါး၊ ပထမကြီးတန်းတွင် ဖြေဆိုရန်စာရင်းရှိ ရဟန်းနှင့်သာမဏေ (၆) ပါး၊ ဖြေဆိုရန်ပျက်ကွက် (၂) ပါး ရှိကြောင်း မြို့နယ်သာသနာရေးဦးစီးမှူးရုံးမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)