ဖျာပုံ ဇွန် ၃
ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန်လ (၃)ရက်နေ့ နံနက် (၁၁)နာရီအချိန်က ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း အောင်မြေခန်းမ၌ ကျင်းပသည်။
အဆိုပါ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲတွင် ဖျာပုံမြို့ အ.ထ.က (၁)ကျောင်း၊ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်မင်းငြိမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဖျာပုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူးဒေါ်ဝင့်မွန်မွန်အိက ၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်ဖြစ်သော" ကမ္ဘာတစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး စုပေါင်းအားဖြင့် ဆောင်ရွက်ပေး "ဟူသော ဆောင်ပုဒ်နှင့်အညီ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှဆောင်ရွက်နေမှုများ၊ ပလတ်စတစ် စတင်ဖြစ်ပေါ်လာပုံ၊ ပလတ်စတစ်၏ ဆိုးကျိုးအန္တရာယ်များအကြောင်းအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားသည်။ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှထုတ်ဝေသော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအားသက်ဆိုင်ရာတာဝန်ရှိသူများက ကျောင်းသား ကျောင်းသူများ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)