မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် ၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက်(အမျိုးသား) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်

အောင်မြေသာစံ ဇွန် ၄

၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈) နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ နှင့်ဆုချီးမြှင့်ပွဲကို ဇွန်လ ၃ ရက်နေ့ ညနေပိုင်း က အောင်မြေသာစံမြို့နယ်ရှိ အောင်မြေမန္တလာအားကစားကွင်း၌ ကျင်းပရာတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ဘောလုံးဆပ်ကော်မတီ၊ အတွင်းရေးမှူး ဦးနောင်နောင်နှင့်တာဝန်ရှိသူများ၊ အုပ်ချုပ်သူနည်းပြများနှင့် ပြိုင်ပွဲဝင်ဘောလုံးအားကစားသမားများ၊ အားကစားဝါသနာရှင်ပြည်သူများ တက်ရောက်ပြီး ဗိုလ်လုပွဲစဉ်၌ မဟာအောင်မြေမြို့နယ်နှင့်အမရပူရမြို့နယ် အမျိုးသားဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြကာ အမရပူရမြို့နယ်အသင်းက မဟာအောင်မြေမြို့နယ်အသင်းကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ခြင်းအခမ်းအနားကို အစီအစဉ်အတိုင်း ကျင်းပရာတိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမရပူရမြို့နယ်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများက ပထမဆုရရှိသည့်  အမရပူရမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များ နှင့် ငွေသားဆုကိုလည်းကောင်း၊ ဒုတိယဆုရရှိသည့် မဟာအောင်မြေမြို့နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း၊ ပူးတွဲတတိယဆုများရရှိသည့် ကျောက်ပန်းတောင်းမြို့နယ်အသင်းနှင့် မိတ္ထီလာမြို့နယ်အသင်းတို့အား ဆုတံဆိပ်များနှင့် ငွေသားဆုကိုလည်းကောင်း၊  ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု၊ရှေ့တန်း၊ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆုရ အားကစားသမားများအား ဆုတံဆိပ်နှင့် ငွေသားဆု တို့ကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)