မလှိုင် ဇွန် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမတွင် အဓိကပန်းတိုင် (၇) မျိုး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများအထွက်နှုန်းတိုးတက်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မလှိုင်မြို့နယ်စိုက်ပျိူးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးခင်မောင်ကြည်က အမှာစကား ပြောကြားရာတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ အဓိကပန်းတိုင်သီးနှံ (၇) မျိုး အောင်မြင်စွာ စိုက်ပျိုးနိုင်ရေးနှင့် သီးနှံများအထွက်နှုံးတိုးတက်ရေးတို့အတွက် စိုက်ပျိုးရေးနည်းပညာများ သင်ကြားပေးခြင်း၊ လုပ်ငန်းဦးစီးဇယားများ ဖြည့်သွင်းထားရေးနှင့် ဝန်ထမ်းများ သီးနှံအလိုက် အထွက်နှုန်း တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်၊ ရှေ့တန်းနယ်မြေအလိုက် ဆောင်ရွက်မှုများ ပြန်လည်တင်ပြရန်နှင့် မန္တလေးတိုင်းဒေသကြီး တိုင်းဦးစီးမှူး၏ လမ်းညွှန်မှာကြားချက်များအား ထပ်ဆင့်ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
မလှိုင်(ပြန်/ဆက်)