မြင်းခြံ ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး မြင်းခြံမြို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်းကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
တွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းထွန်းက မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီးမြို့နယ်များ၏ ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြဆွေးနွေးခဲ့သည်။
ဆက်လက်၍ တက်ရောက်လာသော ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ မိမိတို့၏ ဌာနလုပ်ငန်း လုပ်ဆောင်နေမှုများနှင့် အခက်အခဲများကို တင်ပြခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း လမ်းညွှန်မှုပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)