ကျောက်ပန်းတောင်းမြို့ IPS-2 ကိုယ်ပိုင်အထက်တန်းကျောင်း၌ ငလျင်ဘေးနှင့်သဘာဝဘေးဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှငလျင်ဘေးနှင့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက အရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက အောင်မင်္ဂလာရပ်ကွက်ရှိ IPS-2 (International Private School -2) ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးသန်းမြင့်နှင့် ဝန်ထမ်းများက၊ IPS-2 (International Private School -2) ကိုယ်ပိုင် အထက်တန်းကျောင်းမှ  ကျောင်းတာဝန်ခံနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၁၆၀)ဦးတို့အား ကျောင်းခန်းမဆောင်တွင်တွေ့ဆုံ၍ ရေဘေး၊ ငလျင်ဘေးနှင့် အခြားဘေးအန္တရာယ်များ တွေ့ကြုံလာပါက အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာလုပ်ငန်းများဖြစ်သည့် ကူညီ/ကယ်ဆယ်ရေးဆိုင်ရာ ခေတ်မီနည်းစနစ်များ၊ နည်းပညာသုံး စက်ကရိယာပစ္စည်းများ ကိုင်တွယ်အသုံးပြုပုံနှင့် ပြည်သူများ အနေဖြင့် အရေးပေါ်အခြေအနေ တွေ့ကြုံလာရပါက မည်သို့ပူးပေါင်းဆောင်ရွက်သင့်သည်များကို လက်တွေ့သရုပ်ပြရှင်းလင်းခြင်း၊ မီးဘေးလုံခြုံရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ကြပြီး၊ ကျောင်းသား/ကျောင်းသူလေးများနှင့်အတူ ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို၊ လက်တွေ့ ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

အဆိုပါ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အသိပညာပေးခြင်းများကို မြို့နယ်ဦးစီးအရာရှိ ဦးသန်းမြင့် ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင်(၁၀)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၃)ဦး စုစုပေါင်း (၁၃)ဦးတို့က လူ/ယာဉ်/ စက်ပစ္စည်းများဖြင့် အချိန်နှင့်တစ်ပြေးညီ ပေါင်းစပ်တုံ့ပြန်မှု သရုပ်ပြခြင်းများကို၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူလေးများဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)