ချမ်းအေးသာစံမြို့နယ်တွင် တတိယနေ့မြောက် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ(၁၅၁၇)ဦး လာရောက်ဖြေဆို

ချမ်းအေးသာစံ ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများသည် စာဖြေဌာနအသီးသီးတွင် စိတ်အေးချမ်းသာစွာဖြေဆိုလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့်ကာလကို ဇွန်လ ၁၆ ရက်နေ့မှဇွန်လ ၂၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ချမ်းအေးသာစံမြို့နယ်တွင် စာ​ဖြေဌာန(၄)နေရာ ထားရှိကာ ယနေ့မြန်မာစာဘာသာဖြေဆိုရာတွင် စာရင်းရှိကျောင်းသား (၁၅၂၈) ဦး၊ ပျက်ကွက်ကျောင်းသား (၁၁) ဦး၊ ဖြေဆိုကျောင်းသား( ၁၅၁၇) ဦး ဖြေဆိုခဲ့ကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးအသင်းအဖွဲ့များနှင့်တာဝန်ရှိသူများသည် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ   စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်