မဟာအောင်မြေမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား အသက် ၁၃ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးသာမက ကာယဉာဏစာရိတ္တဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အသက် ၁၃ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပသည်။