ကျောက်ဆည်တက္ကသိုလ်၌ စနစ်တကျ အမှိုက်များခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြော

စဉ့်ကိုင် ဇူလိုင် ၃၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ကျောက်ဆည်တက္ကသိုလ်၌ စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၃၁ ရက် မွန်းတည့် ၁၂နာရီက အဆိုပါတက္ကသိုလ်ရှိ (Theatre)ခန်းမ၌  ကျင်းပသည်။

ဟောပြောပွဲတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဓဒါက်တာလဲ့လဲ့ဝေက အမှာစကား ပြောကြားခဲ့ပြီး စနစ်တကျ အမှိုက်ခွဲခြားစွန့်ပစ်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောရာတွင် အမှိုက်များစွန့်ပစ်ရာ၌ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ် အမှိုက်၊ ဘေးအန္တရာယ်ရှိသည့် အမှိုက်ဟူ၍ အမှိုက်အမျိုးအစား (၄)မျိုးအား အမှိုက်ပုံး(၄)ပုံးဖြင့် အရောင်ခွဲခြားသတ်မှတ်၍ စနစ်တကျ စွန့်ပစ်သည့်စနစ်ကို ကျင့်သုံးသွားကြရန်၊ အမှိုက်ခွဲခြားစွန့်ရမည့် အမှိုက်အမျိုးအစား အ‌ကြောင်း စသည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယပါမောက္ခချုပ် ဒေါက်တာ စိမ်းညို့ညို့ကို(သင်တန်း)က "Go Green , Stay Clean  - Make Our Campus Better " ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများက  ခွဲခြားစွန့်ပစ်ရမည့် အမှိုက်များ  စနစ်တကျစွန့်ပစ် သရုပ်ပြသခြင်း၌ လက်တွေ့ပါ‌ဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာစိမ်းညို့ညို့ကို(သင်တန်း)နှင့် ပါမောက္ခများ၊ ပါမောက္ခဌာနမှူးများ၊ နည်းပြ/သရုပ်ပြ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)