ကျောက်ဆည်မြို့၌ ဌာနဆိုင်ရာဝန်ထမ်း၇၀၆၉ဦးအား စားအုန်းဆီ၁၄၁၃၈ပိဿာ ရောင်းချပေးလျက်ရှိ

ကျောက်ဆည် ဇူလိုင်  ၃၁

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး အထောက်အကူ ဖြစ်စေရန် ရည်ရွယ်ပြီး ရပ်ကွက်/ကျေးရွာများ၊ စက်ရုံ/အလုပ်ရုံများနှင့် ဌာနဆိုင်ရာရုံးများတွင် အခြေခံ စားသောက်ကုန်ဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီက ကျောက်ဆည်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းဝင်းတွင် ဌာနဆိုင်ရာဝန်ထမ်း၇၀၆၉ဦးအား စားအုန်းဆီ(၁၄၁၃၈)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ထိုသို့ရောင်းချပေးရာတွင် ကျောက်ဆည်ခရိုင်ဆည်ကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းဝင် ဆီ ရောင်းဝယ်ရေးဆိုင်များမှ ဝန်ထမ်းတစ်ဦးလျှင် စားအုန်းဆီနှစ်ပိဿာနှုန်းဖြင့် ဝန်ထမ်း ၇၀၆၉ ဦးအား တစ်ပိဿာလျှင် ငွေကျပ် ၇၁၄၀ နှုန်းဖြင့် ဆီ ၁၄၁၃၈ ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

 သက်မောင်(ကျောက်ဆည်)