မန္တလေး ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး၊မန္တလေးခရိုင်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့ စာကြည့်တိုက်တွင် ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ၊ ကဗျာရွတ်ပြိုင်ပွဲများ၊ ပုံပြောပြိုင်ပွဲများ၊ စာစီစာကုံး ပြိုင်ပွဲများ၊ သုတ၊ ရသစာအုပ်စာ စောင်ပြပွဲများ ကျင်းပသည်။
အဆိုပါပြိုင်ပွဲပြပွဲများကို ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွား လာစေရန်၊ အရည်အသွေး ပြည့်ဝပြီး ထူးချွန်ထက်မြက်စေရန်၊ စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ ကျောင်းစာအပြင် ပြင်ပစာများ ဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်နှင့် နိုင်ငံတော်အတွက် နိုင်ငံ့သားကောင်း ရတနာများ ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်း က ရှင်းလင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး မူလွန်(၂၀)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက ပြိုင်ပွဲဝင်စည်းကမ်းများ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောင်းသား/ကျောင်းသူ (၁၂)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုပေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင်