မန္တလေးတိုင်းဒေသကြီး

မလှိုင်မြို့နယ်တွင် မိုးစပါးဆင်းသုခအထွက်နှုန်းကောင်းစပါးမျိုးသရုပ်ပြစိုက်ပျိုးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ် ရုံးတောအုပ်စု၊ ကျောင်းစုကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီက မိုးစပါးဆင်းသုခ အထွက်နှုန်းကောင်းစပါးမျိုးကို တောင်သူ ဦးဇော်ဝင်း၏ လယ်မြေတွင် သရုပ်ပြစိုက်ပျိုးခဲ့ကြောင်းသိရသည်။

ငလျင်ဘေးသင့် အိမ်ထောင်စုများသို့ ဆန် ၊ ဆီ ၊ ကုလားပဲနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ တမ္ပဝတီရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီက ငလျင်ဘေးသင့် အိမ်ထောင်စု များသို့ ဆန်၊ ဆီ၊ ကုလားပဲနှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ လှူဒါန်းပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် ကိုယ်၀န်ဆောင်မိခင်များနှင့်အသက်(၂)လပြည့်မှ (၁)နှစ်ခွဲ‌အောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးများထိုးနှံ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မြို့ပေါ်(၅)ရပ်ကွက်မှ  အသက် (၂)လပြည့်မှ (၁)နှစ်ခွဲအောက်  ကလေးငယ်များနှင့် ကိုယ်၀န်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးများထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင်  ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။

မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ အောင်မြင်တော်မူခဲ့သည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆပ်ကပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကျောက်ဆည်မြို့နယ်၊ သင်တောင်းကျေးရွာ၊ မဟာရွှေသိမ်တော်ဆုတောင်းပြည့်ဘုရား ကေသီဦးဓမ္မရုံ၌ ယနေ့ မွန်းတည့်(၁၂)နာရီက မြို့နယ်လုံးဆိုင်ရာ ဝိနည်းစာမေးပွဲ၌ အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆပ်ကပ်လှူ ဒါန်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ (၁၈) ရပ်ကွက်ရှိ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

‎‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် (၁၈) ရပ်ကွက်ရှိ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယနေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် အမှတ် (၂၇) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ စာအုပ်များလှူဒါန်းခြင်းနှင့် စာအုပ်များ ပညာရပ်များခွဲပေးခြင်း၊ စာအုပ်များအနှောင့်ကပ်‌ပေးခြင်းများ ဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း စာကြည့်တိုက်တွင် ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စာကြည့်တိုက်စာအုပ်များ စနစ်တကျ ထားရှိ‌‌စေရေးအတွက် စာအုပ်များလှူဒါန်းကာ ကျောင်းစာကြည့်တိုက်ရှိ စာအုပ်များကို ပညာရပ်ခွဲပေးခြင်း၊ စာအုပ်အနှောင့်များကပ်ပေးခြင်းများ ဆောင်ရွက်‌ပေးခဲ့သည်။

မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ UID (စမတ်ကတ်) လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသည့် အဘိုးအဘွားများအား အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ပင်စင်ထုတ်ယူရာတွင် လွယ်လင့်တကူဖြစ်စေရေးအတွက် UID (စမတ်ကတ်) များကို ဆောင်ရွက်ပေးလျက်ရှိရာ လာရောက်ဆောင်ရွက်နိုင်ခြင်းမရှိသည့် အဘိုးအဘွားများအား ယမန်နေ့က အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းနှင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ရောဂါဖြစ်ပွားမှုမရှိစေရန်အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ‌ ဆောင်ရွက်ခြင်းနှင့် အဘိတ်ဆေးခတ်ခြင်းတို့ကို မင်းကုန်းရပ်ကွက်တွင် ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီ ထုတ်လုပ်နိုင်ရေး ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များမှ MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချမှုရှိရေး၊ ဥပဒေနှင့်အညီထုတ်လုပ်ရေး စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဟာအောင်မြေမြို့နယ်၌ ငလျင်ဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်၌ မန္တလေးမြေငလျင်ကြီး လှုပ်ခတ်မှုကြောင့် ငလျင်ဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး