တံတားဦး ဇူလိုင် ၃၁
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်၌ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာမှု ရှိ/မရှိ စစ်ဆေးခြင်းကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက တံတားဦးမြို့ တံတားဦး-မြို့သာ ကားလမ်းပေါ်တွင် မြို့အဝင်/အထွက်ဂိတ်များတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် တံတားဦးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးထွန်းထွန်းနိုင် ဦးဆောင်ပြီး ရဲတပ်ဖွဲ့ဝင် များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ မော်တော်ယာဉ်များအား လိုင်စင်၊ ယာဉ်မောင်းများအား သတ်မှတ်ထားသည့် စည်းကမ်းချက်များ ပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခြင်း ၊ လိုင်စင်မဲ့ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာပါက ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ရေးအတွက် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်နှင့် မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ရဲတင့်( ပြန်/ဆက်)