မဟာအောင်မြေမြို့နယ်၌ မြို့နယ်ပညာရေးမှူးဖလား အသက် ၁၃ နှစ်အောက် ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

‎‎မဟာအောင်မြေ ဩဂုတ် ၁

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် မဟာအောင်မြေမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာရေးသာမက ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးဖလား အသက် ၁၃ နှစ်အောက်ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အားကစားကွင်းအတွင်း ကျင်းပသည်။

‎‎ဦးစွာ  မဟာအောင်မြေမြို့နယ်ပညာရေးမှူး ဦးရဲမြင့်က အမှာစကားပြောကြားပြီး အဖွင့်ပွဲစဉ်အဖြစ် အလင်းအားမာန်အသင်းနှင့် KMC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။

‎‎အဆိုပါ ဘောလုံးပြိုင်ပွဲကို ခရိုင်ပညာရေးမှူး ဒေါက်တာဒေါ်သက်လှစု၊ မြို့နယ်ပညာရေးမှူး ဦးရဲမြင့်နှင့် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ဆရာ၊ ဆရာများ ကျောင်းသားကျောင်းသူများ အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြပြီး ပြိုင်ပွဲအား အသင်း (၁၀) သင်း ဝင်ရောက်ပါ‌ဝင်ယှဉ်ပြိုင်စေပြီး သြဂုတ် ၁ ရက်မှ ၇ ရက်အထိ အုပ်စုပတ်လည်ယှဉ်ပြိုင်သွားမည်ဖြစ်ရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအား ဩဂုတ်၇ ရက်တွင် ဆက်လက်ကျင်းပပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

အောင်ဇော်မင်း