ညောင်ဦးမြို့နယ်၌ ဆီထွက်သီးနှံမြေပဲဧက ၁၂၁၁၁၉ စိုက်ပျိုးပြီးစီးပြီဖြစ်ကာ မိုးရွာသွန်းမှုကောင်းခြင်းကြောင့် တောင်သူများ မြေပဲအထွက်နှုန်းကောင်းရန် မျှော်လင့်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးထားသော မြေပဲစိုက်ခင်းများ မိုးရွာသွန်းမှုကောင်းခြင်းနှင့်အတူ စိုက်ပျိုးထားသည့် ပင်ပြန့်မြေပဲ၊ ပင်ထောင်မြေပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။