မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွားထိုးကြီးမြို့နယ်(ယာယီရုံးခွဲ)ဖြစ်သော မြစ်သားမြို့နယ် မြို့မ KC စင်တာတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ အဓိကသီးနှံ (၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိ‌ရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နက်ပိုင်းက အဆိုပါ နွားထိုးကြီးမြို့နယ် (ယာယီရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်း ကျင်းပ

ကျောင်းသား/ ကျောင်းသူလူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ နိုင်ငံတောအတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာ‌စေရန် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း‌ကျောင်း (တောမ)တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဩဂုတ်လ ၁၄ ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး ညှိနှိုင်းအစည်းအဝေး၊ မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်း အခမ်းအနားပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ရပ်/ကျေးအုပ်စုကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေးညှိနှိုင်းအစည်းအဝေး၊ ရပ်/ကျေးအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့မဲပေးစမ်းသပ်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

မိတ္ထီလာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် စားသုံးသူကာကွယ်ပေးရေး  အသိပညာပေးဟောပြောပွဲကို ယမန်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

တံတားဦးမြို့နယ်တွင် လက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲနှင့် လက်တွေ့ကွင်းသရုပ်ပြပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး တံတားဦခရိုင် တံတားဦးမြို့နယ် စက်မှုလယ်ယာဦးစီးဌာနနှင့်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်းလက်ဆွဲမျိုးစေ့ချကိရိယာ (Drum Seeder) ပေးအပ်ပွဲနှင့် လက်တွေကွင်းသရုပ်ပြဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၈) နာရီက တံတားဦးမြို့ မီးသွေးတိုက်ကျေးရွာအုပ်စု ကွင်းအမှတ်၊ ၁၃၁၈ ဦးပိုင်အမှတ်၊ ၈၃/၂၂၈/က တောင်သူဦးသိန်းဝင်း လယ်မြေ (၃) ဧကအား ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ဆိုင်ကယ်လှည့်ကင်းရဲတပ်ဖွဲ့များအတွက် ဆိုင်ကယ်စီးဦးထုပ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ဆိုင်ကယ်လှည့်ကင်းရဲတပ်ဖွဲ့များအတွက် ရိမ်းဘိုးဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေး မိသားစုမှဆိုင်ကယ်စီးဦးထုပ်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ဩဂုတ်လ(၁၄)ရက်နေ့ မွန်းလွဲ၌ပိုင်းက လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများကလက်ခံ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဩဂုတ်လ(၁၄)ရက်နေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံအခြေစိုက် AEON Co.,Ltd မှ ငလျင်ဘေးသင့် ဒေသများသို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းနှင့်အဖွဲ့အား  မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

သာစည်မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်း 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် သာစည်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစည်းအဝေးခန်းမ၌ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်အောင်ကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက ပြုလုပ်သည်။

ရမည်းသင်းမြို့နယ် အထက(၁)တွင် ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး အသိပညာပေး

မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းခရိုင်   ရမည်းသင်းမြို့နယ် အထက(၁)တွင် ပလပ်စတစ် ညစ်ညမ်းမှုကင်းစင်ရေး  အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(အထက-၁)တွင် ကျင်းပသည်။

စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်စကားဝိုင်းကျင်းပ

ကျောင်းသား/ကျောင်းသူ လူငယ်များ အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ နိုင်ငံတော် အတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်း လာ‌စေရန် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်း‌ကျောင်း (တောမ)တို့ ပူးပေါင်းကာ  စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဩဂုတ် ၁၄ရက် နံနက် ၁၀ နာရီခွဲက ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး