မြစ်သားမြို့နယ်၊ ကူမဲမြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

မြစ်သား ဩဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကူမဲမြို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးဌာနမှ ကူမဲမြို့အနီးရှိ  ရန်ကုန်-မန္တလေး လမ်းမကြီးတစ်လျှာက်သွားလာသူပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် မြို့လျှပ်စစ်မန်‌နေဂျာရုံးမှ လျှပ်စစ်မန်နေဂျာ ဦးသန်းထွန်း‌အောင်က ကြီးကြပ်၍ ဝန်ထမ်းများက လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုရာတွင် သတိထား၍ကိုင်တွယ်ရန်၊ လုပ်ငန်းဆောင်ရွက်ရာတွင် ကောင်းကင် ဓာတ်အားလိုင်းကြိုးများ သတိပြုဆောင်ရွက်ရန်၊ ဓာတ်လိုက်ခံရသူကို‌ ရှေးဦးသူနာပြုစုနည်းဖြင့် ပြုစုကုသရန်၊ လျှပ်စစ်အသိ၊ လျှပ်စစ်သတိရှိကြပြီး အန္တရာယ်ဖြစ်‌ပေါ်ပါက ၀၆၆-၂၀၆၂၁၄၀ နှင့် ၀၉-၂၁၅၁၄၂၆ စသည့်ဖုန်းနံ ပါတ်များအအားး ဆက်သွယ်သတင်းပို့ရန်တို့ကို သိရှိနိုင်ရေး  လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)