မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ရေးဥပဒေအကြောင်းပြည်သူလူထုသို့ ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် ဆန္ဒမဲပေးစက် MEVM အသုံးပြုမှုသရုပ်ပြပွဲအခမ်းအနားကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ရေး ဥပဒေအကြောင်း ပြည်သူလူထုသို့ ရှင်းလင်းဆွေးနွေးပေးခြင်းနှင့် ဆန္ဒမဲပေးစက် MEVM အသုံးပြုမှု သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီအချိန်က ဘူတာရပ်ကွက်ရှိ ဓမ္မပါလဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။