မြင်းခြံမြို့၌ အပြည်ပြည်ဆိုင်ရာသက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

မြင်းခြံ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့၌ အောက်တိုဘာ ၁ ရက်တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့ အထိမ်းအမှတ် သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ကန်တော့ခြင်းကို အောက်တိုဘာ ၁ ရက်က မြင်းခြံဘိုးဘွားရိပ်သာတွင် ပြုလုပ်သည်။

အပြည်ပြည်ဆိုင်ရာ သက်ကြီးပုဂ္ဂိုလ်များနေ့အထိမ်းအမှတ်အဖြစ် မြင်းခြံဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် အဖွဲ့ဝင်များ၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းနှင့် ဝန်ထမ်းများက အလှူငွေများ၊ လှူဖွယ်ပစ္စည်းများဖြင့် ပေးအပ် ကန်တော့သည်။

ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ရီရီဝင်းနှင့် ဝန်ထမ်းများက မြို့အတွင်းရှိ သက်ကြီးဘိုးဘွားများအား အလှူငွေများ၊ လှူဖွယ်ပစ္စည်းများ ပေးအပ်ကြောင်း သိရသည်။                            

ကျော်စွာ(မြင်းခြံ)