ညောင်ဦး အောက်တိုဘာ ၄
၂၀၁၆ ခုနှစ် ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့ရသော ပုဂံဒေသရှိ ရှေးဟောင်းအဆောက်အအုံ (၇၂)ဆူအား အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့်အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို အိန္ဒိယနိုင်ငံ အစိုးရထောက်ပံ့မှုများဖြင့် Archaeology Survey of India (ASI)အဖွဲ့က ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲနှင့် ပူးပေါင်း၍ ၂၀၂၀ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ ပထမအဆင့် (၁၁)ဆူ လုပ်ငန်းအားဖြင့် ၂၂ခု ကို ရာနှုန်းပြည့်ဆောင်ရွက်ပြီးဖြစ်ရာ အောက်တိုဘာ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်တွင် မြန်မာ-အိန္ဒိယချစ်ကြည်ရေးစီမံကိန်း ပုဂံဒေသရှိ ငလျင်ဒဏ်သင့်ဘုရားပုထိုးများ အဆောက်အဦ ထိန်းသိမ်းခြင်းနှင့် ဓာတုဗေဒနည်းဖြင့်ထိန်းသိမ်းမှု(ဒုတိယအဆင့်)ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။
ယခုအခါ ဒုတိယအဆင့်အနေဖြင့် ၂၀၂၅ခုနစ်မှ ၂၀၂၈ခုနစ်အထိရှေးဟောင်းအဆောက်အအုံ (၅၀)ဆူကို အဆောက်အအုံပိုင်းဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းနှင့် နံရံပန်းချီနှင့် အင်္ဂတေပန်းတော့ဆိုင်ရာ ကြံ့ခိုင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ ရှေးဟောင်းအဆောက်အအုံ ၅၀ ဆူအနက် ၂၀၂၅-၂၀၂၆ခုနစ်အတွင်း ရှေးဟောင်း အဆောက်အအုံ ၁၅ ဆူ ဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယအဆင့်လုပ်ငန်းစတင်ဆောင်ရွက်မှု ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၃ ရက်နေ့ ၂ နာရီခွဲအချိန်တွင်ရှေးဟောင်းအဆောက်အအုံ အမှတ် ၁၆၇၀ (မဟာဗောဓိဘုရား)၌ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီးနှင့်သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ ဦးဆောင်၍ အိန္ဒိယသံရုံး အမြဲတမ်းအတွင်းဝန်နှင့် ဧည့်သည်တော်များ၊ ဌာနဆိုင်ရာ များတက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ အိန္ဒိယနိုင်ငံဆိုင်ရာ သံအမတ်ကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ အိန္ဒိယသံရုံးအမြဲတမ်းအတွင်းဝန်နှင့် ဧည့်သည်တော်များ၊ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း