ညောင်ဦးခရိုင်၌ MSMEထုတ်ကုန်များနှင့်  လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပ

ညောင်ဦး အောက်တိုဘာ ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းသုတေသနပြတိုက်ဝန်းအတွင်း MSMEထုတ်ကုန်များနှင့်  လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ် ကျေး မှုအမွေအနှစ်ပြပွဲနှင့်ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီခွဲက စတင်၍ပြပွဲနှင့်ဈေးရောင်းပွဲတော်ကျင်းပကြောင်းသိရသည်။

MSMEထုတ်ကုန်များ ပြပွဲနှင့်ဈေးရောင်းပွဲတော်တွင် ယွန်းထည်ပစ္စည်းအမျိုးမျိုး၊ ပုဂံရောက်အမှတ်တရ အထည်ချုပ်လုပ်ငန်း၊ အထည်အမျိုးမျိုး၊ အာလူးကြော်လုပ်ငန်းနှင့်အချိုရည်လုပ်ငန်း၊ အောင်ပါစေထန်းလျက်လုပ်ငန်းအမျိုးမျိုး၊ ပန်းပဲလုပ်ငန်း(မြန်မာ့ရိုးရာဓားအမျိုးမျိုး၊ အနော်ရထာဆီစက်လုပ်ငန်း၊ မြင်းနက်ပုန်းရည်ကြီး လုပ်ငန်း၊ ဆုလာဘ်စားသောက်ကုန် လုပ်ငန်းဖြစ်သည့် မန်ကျည်းတော်ဖီ၊ မန်ကျည်းဖလိပ်ပြား၊ ပဲကြော်လုပ်ငန်းနှင့်ရွှေဥကြော် လုပ်ငန်းတို့မှထုတ်ကုန်များအား ခင်းကျင်းပြသထားသည်။

အဆိုပါ MSMEထုတ်ကုန်များနှင့်လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ပြပွဲနှင့် ဈေးရောင်းပွဲတော်ခင်းကျင်းရောင်းချနေမှုတို့အား ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊  မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များက လိုက်လံကြည့်ရှုအား ပေးခဲ့ကြောင်းသိရသည်။

ဒီပါလင်း