မိတ္ထီလာ အောက်တိုဘာ ၃
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာမြောက်ကန် ကန်ဦးကန်ထိပ်၌ တည်ထားကိုးကွယ်သော ဓမ္မသုခရွှေစည်းခုံစေတီတော်၌ ဧကာဒသမကြိမ်မြောက် ဆီမီးထွန်းညှိပူဇော်ပွဲကို အောက်တိုဘာ ၅ ရက်မှ ၇ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါစေတီတော်ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းဇော်မိုး ထံက သိရသည်။
ဓမ္မသုခရွှေစည်းခုံစေတီတော်ရင်ပြင်တော်တွင် နှစ်စဉ်မပျက်ကျင်းပမြဲဖြစ်သည့် သီတင်းကျွတ်ကာလ သီတင်းကျွတ်ဆီမီးထွန်းညှိ ပူဇော်ပွဲကို သီတင်းကျွတ်လဆန်း ၁၄ ရက်၊ သီတင်းကျွတ်လပြည့်နှင့် လပြည့်ကျော်တစ်ရက်နေ့အထိ သုံးရက်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့ဥက္ကဋ္ဌက ပြောသည်။
အဆိုပါ ဓမ္မသုခရွှေစည်းခုံစေတီတော် ဆီမီးတစ်ထောင်ထွန်းညှိပူဇော်ပွဲအပြင် မြို့နယ်အတွင်းရှိ ဘုရားပုထိုးစေတီတော်များတွင် သီတင်းကျွတ်လဆီမီးထွန်းညှိပူဇော်ပွဲများ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ