ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၌ သုံးထပ်ကွမ်းလူရည်ချွန်အား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ဒဂုံအရှေ့ ‌ဇွန် ၉

၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade 11, အ.ထ.က (၄) မှ သုံးထပ်ကွမ်းလူရည်ချွန်မယွန်းယမုံထွန်းအား ဂုဏ်ပြုချီးမြှင့်ပွဲကို ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းရှိ မဉ္ဇူမာလာခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက လူရည်ချွန်စွမ်းအားသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးသက်ဦးကြွယ်က လူရည်ချွန်တစ်ဦးဖြစ်ဖို့ရာ ကျောင်းစာတော်ရုံတင်မက ဖြတ်ထိုးဉာဏ်ကောင်းရမှာ ဖြစ်ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံရမှာဖြစ်ပါကြောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့မိုးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ အခြေခံလေကြောင်း လူငယ်များမှ ရွှေတောင်ပံသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာအထက်တန်း၊ အလယ်တန်းကျောင်းများမှ ဆရာ၊ ဆရာမများ၊‌ ကျောင်းအကျိုးတော်ဆောင်တို့က ဂုဏ်ပြုဆုငွေ စုစုပေါင်းငွေကျပ် သိန်း (၂၀) သိန်း‌ကျော် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် Grade-8 ကျောင်းသူလေးများမှ အလှကမ္ဘာမြေသီချင်းဖြင့် ဖျော်ဖြေခဲ့ကြပြီး သုံးထပ်ကွမ်းလူရည်ချွန် မယွန်းယမုံထွန်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

အေးမဉ္ဇူ