ကမာရွတ် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်၊ အမှတ် (၉) ရပ်ကွက် ရန်ကုန်တက္ကသိုလ် (RC) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကိုဗစ်ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ရက် (၁၀၀) စီမံချက်ဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးမှုး ဒေါက်တာသင်းသင်းနိုင်မှ ဦးဆောင်မှုဖြင့် ဝန်ထမ်းများက ရန်ကုန်တက္ကသိုလ်ရှိ ဝန်ထမ်းများနှင့် မိသားစုများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အလားတူ မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင်လည်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိမ်းလဲ့ (ပြန်ဆက်)