သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကွင်းဆင်းဆောင်ရွက်

သုံးခွ ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အ.ထ.က (၁) ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက် ဟောပြောပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ ဆရာမ ဒေါ်သန်းသန်းဌေးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက သားသားမီးမီးများအနေဖြင့် ဗဟုသုတရရှိစေမည့် စာပေများ ဖတ်ရှုစေလိုကြောင်း၊ စာဖတ်ခြင်းဖြင့် မိမိဘဝတိုးတက်လာမှာဖြစ်ပါကြောင်းနှင့် မြို့နယ်ရုံးစာကြည့်တိုက်ကို လာရောက်၍ စာပေများငှားရမ်းဖတ်ရှုလို့ရသလို၊ ကျောင်းစာကြည့်တိုက်မှာရှိတဲ့ စာတွေကိုဖတ်ရှုလို့ရပါကြောင်းနှင့် အသိအလိမ္မာစာမှာရှိဆိုတဲ့စကားအတိုင်း ကျောင်းစာအပြင် ပြင်ဗဟုသုတရဖွယ်စာပေများကို ဖတ်ရှုစေဖို့ ပြောကြားခဲ့သည်။

ဟောပြောပွဲအပြီးတွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် ဗဟုသုတရဖွယ်စာအုပ်စာပေများကို ကျောင်းသား/သူ (၉၇) ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)