ရှမ်းပြည်နယ်

တောင်ကြီးမြို့၌ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့်  လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနား ကျင်းပ

တောင်ကြီးမြို့နယ်အတွင်းရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လုံးဝပျက်စီးနှင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှပေးအပ်သည့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တောင်ကြီးမြို့၊ ခရိုင်/မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

မိုင်းလွေကျေးရွာအုပ်စုအတွင်း ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ကျေးရွာဒေသခံတိုင်းရင်းသားပြည်သူများအား ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မီးခိုးမြူလျှော့ချရေးဆိုင်ရာများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ တာဝန်ရှိသူများမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲ ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပေးဆွေးနွေးပွဲကို ဇန်နဝါရီလ ၂၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့သည်။

(၇၉)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကလောမြို့ရပ်ကွက်(၈)မှ တာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား -တောင်ပဲ့ကျေးရွာသွားလမ်း ၁/၀ မိုင် ကတ္တရာလမ်းဖွင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ရန်ပုံငွေဖြင့် ရှမ်းပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ ကြီးကြပ်ဆောင်ရွက်သည့် ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ် ရပ်ကွက်(၈)မှ တာယော-ရွာသစ်-ရွှေမင်းဖုန်းဘုရား-တောင်ပဲ့ကျေးရွာသွားလမ်း ၁/၀ မိုင် ကတ္တရာလမ်းဖွင့်ပွဲ အခမ်းအနားကို အဆိုပါလမ်း၌ ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်‌တော်များနှင့် ဒေသခံတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျေးသီးမြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်း‌အဝေးကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးခရိုင်၊ ကျေးသီးမြို့နယ်တွင် မြို့နယ်အဆင့်ကာကွယ်ဆေးထိုးလွှမ်းခြုံမှု ပိုမိုမြင့်မားစေရေးနှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အားနည်းသည့်ဒေသများတွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးသည့်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေးဆွေးနွေးခြင်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ (၅၀)ကြိမ်မြောက် “ဝ” တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော် ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကျိုင်းတုံမြို့၌  (၅၀)ကြိမ်မြောက် “ ဝ ” တိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ဇန်နဝါရီ ၂၈ ရက်က မိုင်းဇင်းကျေးရွာအုပ်စု ပင်းဆိုင်း(ဝ)ရွာတွင် ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဟဲဟိုးအာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့၏ မျိုးအာလူးအအေးခန်းသိုလှောင်ရုံဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်

Myanmar United Farmers Agricultural Co.,Ltd ဟဲဟိုး အာလူးစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့၏ မျိုးအာလူးအအေးခန်းသိုလှောင်ရုံ ဖွင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ကလောမြို့နယ် ညောင်ပင်ခါးရှည်ကျေးရွာ၌ ကျင်းပသည်။

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ နေကြာမျိုးစေ့ထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားနှင့် ပြည်သူလူထုတွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်

‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ တောင်ရှည်ကျေးရွာအုပ်စု၊ သပြေကုန်းကျေးရွာတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က နေကြာမျိုးစေ့ထုတ်လုပ်ခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တန့်ယန်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆)ကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကလောမြို့နယ် ပင်မှီကျေးရွာ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပင်မှီကျေးရွာဘုန်း‌တော်ကြီးကျောင်း၌ ဇန်နပြည်နယ် ကြက်ခြေနီအဖွဲ့နှင့် ကလောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဦးဆောင်သောအဖွဲ့များသည် ယမန်နေ့နံနက်ပိုင်းက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ကွင်းဆင်းဆောင်ရွက်ခဲ့‌ကြောင်း သိရသည်။
Subscribe to ရှမ်းပြည်နယ်