မူဆယ်မြို့တွင် ဘောလုံး၊ ဖူဆယ်အားကစားကဏ္ဍ အထောက်အကူပြုဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မူဆယ် ဇူလိုင် ၂၇

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့တွင် ဘောလုံး၊ ဖူဆယ်အားကစားကဏ္ဍ အထောက်အကူပြုဆပ်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီအချိန်က အကောက်ခွန်ဦးစီးဌာန ရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

အဆိုပါအစည်းအဝေးတွင် ဘောလုံး၊ ဖူဆယ် အားကစားကဏ္ဍ အထောက်အကူပြုဆပ်ကော်မတီဥက္ကဋ္ဌ၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတက်ထွန်းအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သွယ်သွယ်လှိုင်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ကေသွယ်ဟန်တို့က ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင် ထားရှိမှုများနှင့် ပြိုင်ပွဲအတွေ့အကြုံများကို ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တက်ရောက်လာသော ကော်မတီဝင်များက မိမိတို့နှင့် သက်ဆိုင်သော လုပ်ငန်းများအား ဆွေးနွေးတင်ပြကြသည်။

အဆိုပါပြိုင်ပွဲကို “ကလေးငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး၊ အားကစားအသိစိတ် ပိုမိုအသက်ဝင်ယုံကြည်လာခြင်းမှသည် တစ်မျိုးသားလုံး၏ ကာယဉာဏစာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ အားကစာသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန် အားကစားကို စိတ်ပါဝင်စား လိုက်စားလေ့လာစေပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့် အရာများသုံးစွဲခြင်းမှ ရှောင်ရှားနိုင်စေရန်၊ အားကစားကိုလိုက်စားခြင်းဖြင့် အသိမိတ်ဆွေပေါများလာစေရန်နှင့် ကျန်းမာကြံ့ခိုင်လာစေရန်” တို့ကို ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်