ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရက်(၁၀၀)စီမံကိန်းဖြင့် လျှပ်စစ်မီးဖွင့်ပွဲအခမ်းအနားကျင်းပ

နောင်တရား ဇူလိုင် ၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့၊ ပေါ့အင့်ကျေးရွာအုပ်စု၊ ချိုပုတ်ကျေးရွာ၌ ရှမ်းပြည်နယ်အစိုးရ၏ ရက်(၁၀၀)စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာမီးရရှိရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲတွင် အဆိုပါကျေးရွာ၌ ကျင်းပသည်။

ရှေးဦးစွာ ပြည်နယ်လျှပ်စစ်စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒသဦးစီးအဖွဲ့ဥက္ကဌ ဦးခွန်ဖိုးစိန်၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးဇော်မင်းထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဝင်းနောင်နှင့် ဝါးပြုံကျောင်းထိုင် ဆရာတော် ဥူကဝိန္ဒတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်လျှပ်စစ်စွမ်းအင်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်သန်းထူးက အဖွင့်အမှာစကားပြောကြားကာ ရက်(၁၀၀)စီမံကိန်းအနေ့ဖြင့် ဒေသခံပြည်သူများ၏ လူမူစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် စီးပွားရေးတိုးတက်ရေးအတွက်အရေးပါသည့် အခြေခံအဆောက်အအုံတစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။ ထိုနောက် ပေါ့အင်ကျေးရွာအုပ်စု ဒေသခံပြည်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဒေသလိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

နောင်တရား(ပြန်/ဆက်)