ကျိုင်းတုံမြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးဆွေးနွေးပွဲ ကျင်းပ

ကျိုင်းတုံ ဇူလိုင် ၂၇

ရှမ်းပြည်နယ်(အ‌ရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေး (Anti-Money Laundering & Countering the Financing of Terrorism-AML/CFT) ဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက်က Amazing Hotel တွင် ကျင်းပရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဟွမ်နွဲ့၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေ၊ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ (၃) နှင့်တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ကျိုင်းတုံခရိုင်အိမ်ခြံမြေအကျိုးဆောင်များဆိုင်ရာကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနိုးဝေက အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ (၃) ဦးကျောင်တင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးဝင်းကျော်က မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း၏ နောက်ခံသမိုင်းကြောင်းကို ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း ကျိုင်းတုံခရိုင်ဥက္ကဋ္ဌ ဦးဟန်မင်းဦးက ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် တာဝန်ရှိသူများက AML/CFT ဆိုင်ရာ အခြေခံဗဟုသုတများနှင့် ကြီးကြပ်ရေးအာဏာပိုင်နှင့် သတင်းပို့အဖွဲ့အစည်းတို့၏ လုပ်ငန်းတာဝန်များ၊ ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များ၊ သတင်းပို့ရန် တာဝန်များစသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာမြှင့်တင်ရေးတို့ကို ဆွေးနွေးရာ တက်ရောက်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)