ပင်လောင်းမြို့နယ်၌ အနာဂတ်ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းလီမိတက်၏ အရပ်ရပ်ဆိုင်ရာ အစည်းအဝေး ကျင်းပ

ပင်လောင်း ဇူလိုင် ၂၇

ရှမ်းပြည်နယ်တောင်ပိုင်း ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် အနာဂတ်ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွစီးပွားရေးသမဝါယမအသင်းစုလီမိတက်၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မင်းဘူးကျေးရွာအုပ်စု၊ ဆောင်းဆီးကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဦးစိုင်းနော်ခမ်းနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆိုင်မွန်းတို့က အမှာစကားပြောကြားကြပြီး၊ အနာဂတ်ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွစီးပွားရေးသမဝါယမအသင်းစုလီမိတက်မှ အသင်းဝင် ဒေါ်မူအင်ကြင်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လုပ်ငန်းအစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အသင်းဝင် ဒေါ်ထွေးငယ်က နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်း၊ အမြတ်ခွဲဝေမှု စာရင်းများနှင့် အသင်းသားစာရင်းစစ်အစီရင်ခံစာများကိုလည်းကောင်း ဖတ်ကြားကြကြောင်း သိရသည်။

ထို့နောက် အသင်းအမှုဆောင်အဖွဲ့မှ တင်ပြသည့် အသင်းစည်းကမ်းပြင်ဆင်ခြင်းနှင့် ပတ်သက်၍ အနာဂတ်ကြယ်ပွင့်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေးသမဝါယမအသင်းစုလီမိတက်ဥက္ကဋ္ဌ ဘဘာပတိ ဒေါ်နန်းအေးချိုက အသင်းသားများ၏ သဘောဆန္ဒများကို ရယူအတည်ပြုပြီး အစည်းအဝေးရုပ်သိမ်းလိုက်ကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်