ပေါင်မြို့နယ်တွင်စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးအတွက်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ ကွင်းဆင်းစစ်ဆေး

ပေါင်   နိုဝင်ဘာ  ၁၃

မွန်ပြည်နယ် ပေါင်မြို့နယ်တွင် စက်သုံးဆီများပြတ်လပ်မှုမရှိစေရေးအတွက် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီမှ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက စက်သုံးဆီအရောင်းဆိုင်(၁၈)ဆိုင်အား လိုက်လံစစ်ဆေးခဲ့ကြောင်းသိရသည်။

ထို့သို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရကော်မတီဥက္ကဌ ဦးထင်လင်းအောင်နှင့် တာဝန်ရှိသူများကစက်သုံးဆီများပြတ်လပ်မှုမရှိစေရေး၊ သတ်မှတ်ထားသောစံချိန်စံညွှန်း၊ အရည်အသွေး၊ အခြင်အတွယ်ပြည့်မီမှန်ကန်မှုရှိစေရေး၊ ထိန်းသိမ်းကြီးကြပ်ဆောင်ရွက်ခြင်း၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများကို ဥပဒေပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းများ၊ အခါအားလျော်စွာထုတ်ပြန်သည့်အမိန့်နှင့်ညွှန်ကြားချက်များ၊ စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ လုပ်ကိုင်စေရေး၊ တည်ဆဲဥပဒေတစ်ရပ်ရပ်ကိုဖြစ်စေ၊ သက်ဆိုင်ရာအမိန့်နှင့်ညွှန်ကြားချက်များကိုဖြစ်စေ၊ လိုင်စင်ပါစည်းကမ်းချက်တစ်ရပ်ရပ်ကိုဖြစ်စေ လိုက်နာဆောင်ရွက်ခြင်းမရှိသော ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ကိုင်သူများ မီးဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုမရှိစေရေးအတွက် လိုအပ်သလိုထိန်းသိမ်းကြီးကြပ်ဆောင်ရွက်သွားရန်၊ ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီ၏ ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန် စစ်ဆေးဆောင်ရွက်လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

မွန်မလေး(ပြန်/ဆက်)