မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း စက္ခုအလင်း ကျန်းမာရေးအလှူတော်နှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေး ကိရိယာများ ထောက်ပံ့လှူဒါန်းပွဲ၊ ရေစက်ချ၊ ပရိတ်တရားတော် ချီးမြှင့်ခြင်း အခမ်းအနားတက်ရောက်

မော်လမြိုင်၊ နိုဝင်ဘာ ၁၁

မွန်ပြည်နယ်၊ မော်လမြိုင်မြို့  ခုတင်-၅၀၀ ဆံ့ အထွေထွေရောဂါကုဆေးရုံကြီး၌ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအားအမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်လမ်းညွှန်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးမှု၊ အလှူရှင်များ၏လှူဒါန်းမှုဖြင့် ပြည်နယ်အတွင်းရှိ ဒေသခံမျက်စိရောဂါဝေဒနာခံစားနေရသူများအား စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အလှူရှင်များက ဆေးရုံကြီးရှိအစည်းအဝေးခန်းမတွင် သဲဖြူဆရာတော် ဒေါက်တာဘဒ္ဒန္တပညာဇောတမထေရ်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ကြပြီး အထွေထွေရောဂါကုဆေးရုံကြီး၌ စက္ကုဒါနအဖြစ် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုခံယူရန် လာရောက်ကြသည့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေး၍ ထောက်ပံ့​ငွေများ၊ မုန့်နှင့်ရေသန့်ဘူးများ၊ နေ့လယ်စာထမင်းဘူးများကို ဒါနပြုလိုက်လံကျွေးမွေးပေးခဲ့ကြသည်။

ယင်းနောက် စက္ကုဒါန အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းလုပ်ငန်းအတွက် ဆေးရုံကြီးအတွင်း မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်းခွဲစိတ်၊ အထူးကုဆေးရုံကြီးမှ မျက်စိအထူးကုဆရာဝန်ကြီးများဦးဆောင်၍ အထက်တန်းသူနာပြုများ၊ အကူသူနာပြုများ၊ မော်လမြိုင်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် မျက်စိအထူးကုဆရာဝန်နှင့် သူနာပြုများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များက ဝိုင်းဝန်းကူညီမှုဖြင့် မျက်စိစမ်းသပ်ကုသရန် လာရောက်ကြသူများအား စာရင်းသွင်းလက်ခံခြင်း၊ စမ်းသပ်ပေးခြင်းနှင့် ခွဲစိတ်ကုသပေးခြင်း၊ ဆေးဝါးများအခမဲ့ထောက်ပံ့ပေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ခွဲစိတ်ကုသမှု ခံယူကြသော လူနာများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ ဆေးဝါးနှင့် မျက်မှန် များကို လှူဒါန်း‌ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာ ကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော်ကြီး  ဦးစီး၍ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်းလှူဒါန်းသော စက္ခုအလင်း ကျန်းမာရေးအလှူတော်နှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများထောက်ပံ့လှူဒါန်းပွဲ၊ ရေစက်ချ၊ ပရိတ်တရားတော် ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ဆက်လက်ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ အလှူရှင်များ၊ ဧည့်ပရိသတ်များ တက်ရောက်သည်။

ရှေးဦးစွာ ဧည့်ပရိသတ်များက အခမ်းအနားကို “နမောတဿ” သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာကျောင်းတိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တပညာဇောတထံမှ ဧည့်ပရိသတ်အ‌ေပါင်းတို့က ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီး ဆရာတော်ဘုရားကြီး ရွတ်ပွားသရဇ္ဈာယ် ချီးမြှင့်တော် မူသော ပရိတ်တရားတော်များ နာယူကြည်ညိုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်ကြီးထံ နဝကမ္မအလှူ‌ေငွများ ဆက်ကပ်လှူဒါန်းခဲ့ပြီး စက္ခုအလင်း ကျန်းမာရေးအလှူတော်နှင့် ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာရေးကိရိယာများ ထောက်ပံ့လှူဒါန်းမှု လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာယူကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။

ယင်းနောက် ဆရာတော်ကြီးအား အမှူးထား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က ကျောင်းသား၊ ကျောင်းသူ(၁၅၀၀)ဦးအား ကျောင်းဝတ်စုံများနှင့် ကျောင်းသုံး စာရေးကိရိယာများ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ပြန်(ပြန်/ဆက်)