သံဖြူဇရပ် နိုဝင်ဘာ ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာရှိ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်း၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဥ် (၁၆/၂၀၂၅) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ ဒုတိယကျောင်းအုပ်ကြီး ဗိုလ်မှူးကြီး ဝဏ္ဏအောင်၊ နည်းပြအရာရှိချုပ် ဗိုလ်မှူးကြီး ထွန်းနေဝင်း၊ မော်လမြိုင်ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့်ထွန်း၊ အုပ်ချုပ်မှုဌာနမှူး၊ ဌာနမှူး(အမျိုးသားစစ်မှုထမ်းစစ်အခြေခံသင်တန်းဌာန)၊ သင်တန်းမှူးများ၊ နည်းပြအရာရှိ/စစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းတွင် အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (ဝဲကလိ) ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးက သင်တန်းဖွင့်မိန့်ခွန်း ပြောကြားပြီး ကတိသစ္စာခံယူကာ၊ ဆုရသင်တန်းသား (၈) ဦးအား ဆုချီးမြှင့်ခြင်းနှင့် သင်တန်းသားများမှ စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသင်တန်းကို သင်တန်းသား (၃၈၄) ဦးအား သင်တန်းကာလ သြဂုတ် ၁၈ ရက်မှ အောက်တိုဘာ ၂၄ ရက်နေ့အထိ သင်တန်းကာလ ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)