မော်လမြိုင်မြို့နယ်အတွင်း စက်သုံးဆီအရောင်းဆိုင်များအား သတ်မှတ်ချက်များနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/ မရှိ ရှောင်တခင်စစ်ဆေး

မော်လမြိုင်   နိုဝင်ဘာ ၁၄

မော်လမြိုင်မြို့နယ် ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီမှ နိုဝင်ဘာလ ၁၂ ရက်နေ့၊ ညနေပိုင်းအချိန်တွင် မော်လမြိုင်မြို့ပေါ်ရှိ  စက်သုံးဆီအရောင်း ဆိုင် (၇)ဆိုင် သို့သွားရောက်၍  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ဆီဆိုင်များမှ ခွင့်ပြုထုတ်ပေးသည့် စက်သုံးဆီအမျိုးအစားနှင့် ပမာဏများ အတိုင်း အရောင်းဆိုင်သို့ အမှန် ရောက်ရှိခြင်း ရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှု ရှိ/ မရှိ ၊ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိ၊  မီးဘေးအန္တရာယ် ကာကွယ်ရေးကြိုတင်ဆောင်ရွက်ထားခြင်း ရှိ/ မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆီကားရောက်ရှိမှုအခြေ အနေများနှင့် ဆီလက်ကျန်အခြေအနေများ အားစစ်ဆေးမေး မြန်းခြင်း ဆောင်ရွက်ခဲ့ပြီး၊  အလားတူ ရှောင်တခင်စစ်ဆေးမှုများအား မကြာခဏဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ စက်သုံးဆီ၀ယ်ယူမှုအဆင်‌ ‌ ပြေစေရေးဆောင်းရွက်‌‌ပေးလျက်ရှိပါကြောင်း သိရှိရပါသည်။

ခင်စန်းမြင့်ပြန်/ဆက်