ကျိုက်ထိုမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်ညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ (Talk Show)ဆွေးနွေးပွဲပြုလုပ်
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၂)နာရီအချိန်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်ညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။