ကျိုက်ထို ဇန်နဝါရီ ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျိုက်ထိုခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့မွန်းလွဲ(၂)နာရီအချိန်က စားသုံးသူကာကွယ်ရေးဥပဒေနှင့် ကုန်ညွှန်းအမှတ်အသားအကြောင်းသိကောင်းစရာ Talk Show ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ်ပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနရဲ့ အသစ်ထပ်မံပြောင်းလဲလိုက်တဲ့ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်နဲ့လုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေ၊ ကွင်းဆင်းစစ်ဆေးရာတွင်အဓိကထားစစ်ဆေးသည့်ထုတ်ကုန်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းအခြေအနေ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး(ကျိုက်ထို)