မွန်ပြည်နယ်အတွင်း စာသင်ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းပတ်ဝန်းကျင် စိမ်းလမ်းစိုပြေရေးနှင့် သန့်ရှင်းသာယာ လှပရေးတို့ကို ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း ပြည်နယ် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန် ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ယနေ့ နံနက်ပိုင်းက မော်လမြိုင် မြို့ မြိုင်သာယာရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ မူလတန်း ကျောင်း၀န်းအတွင်းနှင့် ဘေးပတ် ဝန်းကျင်ရှိ ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မီးသပ်တပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ မော်လမြိုင်တက္ကသိုလ်၊ ပညာရေးမှူးရုံး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများအင်အား ၁၀၀ ကျော်မှ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်မှုတို့ကိုကြည့်ရှု စစ်ဆေးခဲ့သည်။