ကျိုက်မရော ဇန်နဝါရီ ၂၀
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန် ဘက်စုံဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် အထက ပိန်းနဲကုန်းကျောင်း ပညာရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီ အချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ ထ က ပိန်းနဲကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ အထက ပိန်းနဲကုန်းမှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်စာဖတ်ခြင်း၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကိုယ်ကျင့်တရား၊ လူငယ်နှင့်မူးယစ်ဆေး စသည့် ခေါင်းစဉ်များဖြင့် ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေး ခဲ့သည်။
ယနေ့ကျင်းပပြုလုပ်သော လူငယ်စကားဝိုင်းသို့ အထက ပိန်းနဲကုန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဝင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၈၅)ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရူ ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ ဆက်)