မုဒုံမြို့နယ်တွင် တစ်နိုင်တစ်ပိုင် မုန်လာဥဖြူ စိုက်ပျိုးတောင်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိ

မုဒုံ  ဇန်နဝါရီ ၂၀

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်ရှိ ကျေးလက်ဒေသများနှင့်အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်တွင် မုန်လာဥဖြူစိုက်ပျိုးတောင်သူများ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိလျက်ရှိသည်။

မုဒုံမြို့နယ်အတွင်း ရာဘာစိုက်ပျိုးရေးနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး မိသားစုအတွက် စားသုံးနိုင်ရန်နှင့်တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိရန် ဟင်းသီးဟင်းရွက်များလည်း စိုက်ပျိုးကြသည်။

မုန်လာဥကို  မျိုးစေ့ချပြီး ရက် ၃၀ ခန့်အကြာတွင် စတင်နုတ်သိမ်းနိုင်ကြောင်း၊ အရင်းအနှီးနည်းနည်းနှင့် မြန်မြန်နုတ်သိမ်းနိုင်သည့်အတွက် တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေရရှိရန် စိုက်ပျိုးကြခြင်းဖြစ်ကြောင်း မုဒုံမြို့နယ်မှ မုန်လာဥစိုက်ပျိုးတောင်သူတစ်ဦးက ပြောသည်။

မုဒုံမြို့နယ်တွင် မုန်လာဥဖြူကို အသီးအရွယ်အစားအလိုက် ၃ လုံး တစ်စည်း ၅၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

မုဒုံသူ (ပြန်/ဆက်)