အ.ထ.က (ဘီးလင်း)ကျောင်း၌ အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့ သရုပ်ပြသခြင်းများဆောင်ရွက်
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ (ဘီးလင်း) ယာဉ်ထိန်းတပ်ဖွဲ့စိတ်နှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းကို ယနေ့ နံနက်ပိုင်းက အ.ထ.က(ဘီးလင်း) ပညာ့အားမာန် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။