သထုံ ဖေဖော်ဝါရီ ၁၃
မွန်ပြည်နယ်၊ သထုံမြို့နယ်၏ ၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကို ဖေဖော်ဝါရီလ (၁၂)ရက်နေ့က သထုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ကွင်းပြင်၌ ကျင်းပသည်။
ရှေးဦးစွာ နံနက် ၅ နာရီ ခွဲအချိန်၌ နိုင်ငံတော်အလံတင်အခမ်းအနားကိုကျင်းပပြီး နံနက် ၇ နာရီအချိန်တွင် နိုင်ငံတော်အလံအလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားပွဲကို ဆက်လက်ကျင်ပရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဂုဏ်ပြုတပ်ဖွဲ့နှင့် တက်ရောက်လာသူတို့က နိုင်ငံတော်အလံအား အလေးပြုကြကာ နိုင်ငံတော်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော ၂၀၂၃ခုနှစ် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ သဝဏ်လွှာအား သထုံခရိုင်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးလှိုင်ထွန်းက ဖတ်ကြားခဲ့သည်။
အဆိုပါအခမ်းအနားသို့ သထုံမြို့နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
(ခရိုင်ပြန်/ဆက်)