မွန်ပြည်နယ်

တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနား ပြည်နယ်၀န်ကြီးချုပ် တက်ရောက်

၁၉၆၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော တောင်ဝိုင်းဘိုးဘွားရိပ်သာ၏ နှစ် ၆၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်၀န်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်နယ်အစိုးရအဖွဲ့၀င်၀န်ကြီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၃ ခုနှစ်၊ ​(၇၆)နှစ်မြောက် ပြည်​ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော် အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား တက်​ရောက်

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်​ထောင်စုနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် အလေးပြုခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ မောရဝတီပန်းခြံတွင် ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ဖိတ်ကြားထားသည့်ဧည့်သည်​တော်များ တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ်တွင် ကြက်ခြေနီ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းအမှတ်စဉ် ၂/၂၀၂၃ ဖွင့်လှစ်ပို့ချ

မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် ကျောင်းကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ၂/၂၀၂၃ ကို အ.ထ.က ခွဲ ဗိုလ်တေဇကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက ဖွင့်လှစ်ခဲ့သည်။

မုဒုံမြို့နယ်၌ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားအလွတ်တန်း 3 On 3 ဘတ်စကတ်ဘော ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆) နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသား အလွတ်တန်း 3 On 3 ဘတ်စကတ်​ဘောပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဖေဖော်ဝါရီလ (၁၁) ရက်နေ့ မွန်းလွဲပိုင်းက မုဒုံမြို့နယ်မိုးလုံ၊ လေလုံအားကစားရုံတွင် ကျင်းပပြုလုပ်ရာ ဖိတ်ကြားထားသောဌာနဆိုင်မှ တာဝန်ရှိသူများ တက်ရောက်သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု နှင့် လူသွားစင်္ကြန်(ပလက်​ဖောင်း) တိုးချဲ့အဆင့်မြှင့်တင်ခြင်း ​ဆောင်ရွက်ပြီးစီးမှုအ​ခြေအနေအား ကြည့်ရှုစစ်​ဆေး

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် သန့်ရှင်း၍စိမ်းလန်းစို​ပြေသာယာလှပပြီး အများပြည်သူများ စိတ်​အေးချမ်း​မြေ့မှုများရရှိ​စေ​ရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန်ဆောင်ရွက်လျက်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့၀င်ဝန်ကြီးများသည် ​ယမန်နေ့ နံနက်ပိုင်းက ​​​မော်လမြိုင်မြို့၊ ​တောင်ဝိုင်းဘိုးဘွားများခိုလှုံရာရိပ်သာ၌ ဆောင်ရွက်နေမှုအား ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ကုန်သည်များနှင့်စက်မှု လက်မှုလုပ်ငန်းရှင်များ​၏နှစ်ပတ်လည် အသင်းသားစုံညီပွဲ အခမ်းအနား ​ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်

မွန်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ​၏နှစ်ပတ်လည် အသင်းသားစုံညီပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ကုန်စည်ဒိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အသင်းဝင်ကုန်သည်ကြီးများနှင့် လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

မုဒုံမြို့နယ်တွင် နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု​​​​​​​ဖြင့် ကွင်းဆင်းဆောင်ရွက်

မုဒုံမြို့နယ်တွင် ဆည်ရေသောက်ဧရိယာများ၌ နွေစပါးတိုးချဲ့စိုက်ပျိုးနိုင်ရန် အတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှူဖြင့် ယမန်နေ့နံနက်ပိုင်းက မုဒုံမြို့နယ် ထုံမံကျေးရွာ၌ မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲမှုအဖွဲ့၊  ဆည်မြောင်ဦးစီးဌာနနှင့် စက်မှုလယ်ယာ ဦးစီးဌာနတို့မှ ကွင်ဆင်းစစ်ဆေးခဲ့သည်။

မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် 3 on 3 အမျိုးသားအလွတ်တန်း ဘတ်စကတ်ဘောပြိုင်ပွဲ ကျင်းပ

မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်  3 on 3 အမျိုးသားအလွတ်တန်း ဘတ်စကတ်ဘောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်မိုးလုံ၊ လေလုံ အားကစားရုံ၌ စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကတ္တရာလမ်းသစ်ဖွင့်ပွဲနှင့် ကျိုက္ခမီမြို့ ရှုခင်းသာပန်းခြံဖွင့်ပွဲအခမ်းအနား တက်ရောက်၊ ကျိုက္ခမီရေလယ် ဆံတော်ရှင်မြတ်ဘုရားကြီး ဖူးမြော်ကြည်ညို

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီ- ကဒတ်ထောက်- ကရင်သောင် ကတ္တရာလမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့၊ နံနက်ပိုင်းကသံဖြူဇရပ်မြို့နယ်၊ ကဒတ်ထောက်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍(၇၆)နှစ် မြောက်ပြည်ထောင် စုနေ့အထိမ်းအမှတ် (အကြို)ဟောပြောပွဲ၊ နံရံကပ်စာစောင် ပြပွဲများအား ယမန်နေ့နေ့လယ်ပိုင်းကအမှတ် (၃)အခြေခံပညာအထက်တန်းကျောင်းနှင့် အထက အား/ကာသိပ္ပံကျေားင်းတို့၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to မွန်ပြည်နယ်