မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားတက်ရောက်

မော်လမြိုင်   ဖေဖော်ဝါရီ    ၁၃

မွန်ပြည်နယ်တွင် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မော်လမြိုင်မြို့ မောရဝတီပန်းခြံတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့်ဇနီး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ထို့နောက် ညစာစားပွဲသို့ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့်အတူ  ပညာရေးဒီဂရီကောလိပ်ကျောင်းမှ ကျောင်းသား/သူလေးများ၏ အကအလှများ၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)မှ ကျောင်းသား/သူလေးများ၏ ဖျော်ဖြေတင်ဆက်နေမှုများနှင့် တီးဝိုင်းအဖွဲ့မှ အဆိုသီဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ဖျော်ဖြေတင်ဆက်ခဲ့ကြ​သော အကအလှအဖွဲ့များသို့ ဂုဏ်ပြုပန်းစည်းများ  ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက တာဝန်ရှိသူများနှင့် လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။

စည်သူ (ခရိုင်ပြန်/ဆက်)