ကျိုက်ထိုမြို့နယ်တွင် လက်ထောက် မူ/ပြဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဆင်း

ကျိုက်ထို ဖေဖော်ဝါရီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လက်ထောက် မူ/ပြ ဆရာ၊ ဆရာမများ လုပ်ငန်းခွင်အကြို ရက်တိုသင်တန်းဆင်းပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ကျိုက်ထိုခရိုင်ပညာရေးမှူး ဦးခိုင်ထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး ကျိုက်ထိုမြို့နယ် ပညာရေးမှူး ဦးမောင်ညိုက ဆရာဆရာမများသည် မိမိတာဝန်ကျရာကျောင်းများတွင် ဆရာ့ကျင့်ဝတ်နှင့်အညီ နေထိုင်ကြရန်နှင့် ဆရာ့ကျင့်ဝတ်အား ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ (အဖွဲ့ဝင်) ဦးရဲနိုင်အောင်မှ ဆရာဆရာမများအား အလုပ်ခန့်အပ်လွှာနှင့် သင်တန်းဆင်းလက်မှတ်များ ကို ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် ကျိုက်ထိုမြို့နယ်အတွင်း အခြေခံပညာကျောင်းများ၌ လိုအပ်လျက်ရှိသည့်  လက်ထောက် မူ/ပြ ဆရာ၊ ဆရာမ (၁၀) ဦး အား ခန့်အပ်၍ သင်ရိုးညွှန်းဘာသာရပ်များကို (၆)ရက်ကြာသင်ကြားပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)