မွန်ပြည်နယ်

 ကျိုက်မရောမြို့  မြို့ပေါက်ဝအဓိဌာန်သစ္စာတောင်ကျောင်းတိုက်မှ ဆရာတော်အဂ္ဂမဟာပရဟိတဓရ ဆရာတော်  ဘဒ္ဒန္တနာဂသိန်၏” ၅၅ နှစ်ပြည့်  ဝိဇာတ “ မွေးနေ့မင်္ဂလာ စည်ကားသိုက်မြိုက်စွာကျင်းပ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ကလိုင်းကနိုင် ကျေးရွာ အဓိဠာန်သစ္စာအောင်  မြို့ပေါက်ဝ ကျောင်းတိုက်ဆရာတော်  အဂ္ဂမဟာပရဟိတဓရဆရာတော် ဘဒ္ဒန္တနာဂသိန်၏ (၅၅) နှစ်ပြည့် ဝိဇာတ မွေးနေ့မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါကျောင်းတိုက်ရှိ ဓမ္မာရုံ၌စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။

ကျိုက်ထိုမြို့နယ်တွင် မီးခိုးမြူ ငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာ အသိပညာပေး (Talk Show) ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြုဗဟိုဌာန Community Centre ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် (၁၀)နာရီ အချိန်က မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အိမ်တွင်းလျှပ်စစ်ဝါယာ သွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဖွင့်ပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ် ကလေးအလုပ်သမားပပျောက် ရေးဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီမှ ဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့န့နက်ပိုင်းက မော်လမြိုင်မြို့ လူငယ်သင်တန်းကျောင်း၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ဌာနဆိုင်ရာများ ​အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေး လုပ်ငန်းကော်မတီဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။

ပေါင်မြို့နယ်တွင်လက်ထောက် မူ/ပြ ဆရာ၊ဆရာမများလုပ်ငန်းခွင်အကြိုရက်တိုသင်တန်းဆင်း

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်တွင် လက်ထောက် မူ/ပြ ဆရာ၊ဆရာမများလုပ်ငန်းခွင် အကြိုရက်တိုသင်တန်းဆင်းပွဲကို ယမန်နေ့ညနေပိုင်းက ပေါင်မြို့နယ်အခြေခံ ပညာအထက်တန်း ကျောင်းရွှေရတုခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဘီးလင်းမြို့နယ်၊ ရွှေလှေကျေးရွာ၊ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်းတွင် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအကြောင်း အသိပညာပေးဆွေးနွေး

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနသည် ရွှေလှေကျေးရွာ၊ မိခင်နှင့်ကလေးမူလတန်းကြိုကျောင်း၌ ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာဥပဒေ အကြောင်းအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ MSMEs Talks Show စကားဝိုင်းဆွေးနွေးပွဲကျင်းပ

မွန်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသည့် ချောင်းဆုံမြို့နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ MSMEs Talk Show စကားဝိုင်းဆွေးနွေးပွဲ အခမ်းနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ချောင်းဆုံမြို့ ကျွန်းသာယာခန်းမတွင် ကျင်းပသည်။

ကျိုက်မရောမြို့နယ်အတွင်းရှိ အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများ၌ အတန်းတင်စာမေးပွဲများ အေးချမ်းစွာ စတင်ဖြေဆို

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာ ထက်၊ လယ်၊ မူကျောင်းများတွင် အတန်းတင်စာမေးပွဲများကို ယနေ့နံနက် ၉ နာရီ မှစတင်ကာ သက်ဆိုင်ရာ  ကျောင်းအသီးသီး၌  အေးချမ်းပျော်ရွှင်စွာဖြင့် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် ကျိုက်ထိုမြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မုဒုံမြို့နယ်၌ အမျိုးသားအဆင့် ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှု အဆင့်(၁)သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းအမှတ်စဉ်(၁၀)ဖွင့်လှစ်

မွန်ပြည်နယ်၊ မုဒုံမြို့နယ် နှစ်ရှည်ပင်များ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးခြံ၌ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဌာန်းရေးအဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော အမျိုးသားအဆင့်ရော်ဘာအစေးခြစ်လုပ်သားကျွမ်းကျင်မှုအဆင့်(၁) သင်တန်းပေးခြင်းနှင့် စစ်ဆေးအကဲဖြတ်ခြင်းအမှတ်စဉ်(၁၀)ဖွင့်လှစ်ခြင်း အခမ်းအနားပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်သည်။

မော်လမြိုင်ခရိုင်၌ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကျင်းပ

မော်လမြိုင်ခရိုင်၌ ပြည်သူများအနေဖြင့် စားသောက်‌နေထိုင်နိုင်ရေးအတွက် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးအသိပညာပေး (Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Subscribe to မွန်ပြည်နယ်