ကျိုက်ထိုမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေး

ကျိုက်ထို ဖေဖော်ဝါရီ ၁၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်နှင့်အထက် အခြေခံပညာမူလတန်းလွန်ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးခြင်းကို ဖေဖော်ဝါရီ(၁၃)ရက် နံနက် (၁၁)နာရီအချိန်တွင် အမှတ်(၂)မူလတန်းလွန်ကျောင်းမြောက်ပိုင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးက ယခုဆောင်ရွက်ပေးသည့် နိုင်ငံသားစိစစ်ရေးကတ်သည် မိမိတို့ဘဝအတွက် အရေးကြီးပါကြောင်း၊ မိမိတို့မည်သည့်အလုပ်ကိုပဲလုပ်လုပ် နိုင်ငံသားစိစစ်‌ရေးကတ်သည် မရှိမဖြစ်လိုအပ်ပါကြောင်း၊ ဒါကြောင့် မပျောက်မပျက်အောင်ထိန်းသိမ်းဆောင်ရွက်စေလိုကြောင်း ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကျိုက်ထိုမြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်က ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးသည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူ(၂၈၆)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များမှ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)