မုဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

မုဒုံ ဒီဇင်ဘာ ၁၁

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းရှိ စက်သုံးဆီများရောင်းချသည့် ဆီဆိုင်များတွင် စက်သုံးဆီများ ရောင်းချနေမှုအခြေအနေများကို ယနေ့နံနက် ၁၀ နာရီက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးခင်ဇော်ဝင်း၊ သတင်းရဲတပ်ဖွဲ့မှ ဒုရဲမှူးနေမင်းအောင်နှင့် မြို့နယ်ဌာနဆိုင်ရာတာဝန် ရှိသူများ ပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း တရားဝင်ရောင်းချလျက်ရှိသော အပါးချမ်း၊ Always ၊ Asia Mon-2 ၊ ကျော်စံကုမ္ပဏီ စက်သုံးဆီအရောင်းဆိုင်တို့တွင် စက်သုံးဆီဆိုင်များ၏ နေ့အလိုက် ဆီခွဲတမ်းရရှိမှု၊ ရောင်းချနေမှုများ၊ ဆီကန်များ၌ ဆီသိုလှောင်ထားရှိမှု၊ မြေပြင်၌ စက်သုံးဆီလက်ကျန်ထားရှိမှု အခြေအနေများအား စစ်ဆေးခဲ့သည်။

ထို့နောက် ဆီဆိုင်များအနေဖြင့် ဆီစျေးနှုန်းအတက်အကျပေါ်မူတည်၍ ရောင်းချရန်၊ သတ်မှတ်စျေးနှုန်းများအတိုင်း ရောင်းချမှုမရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ပိုင်ရှင်များနှင့် မန်နေဂျာများအား အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

သားငယ် (ပြန်/ဆက်)